မဟာသုတကာရီ မဃဒေဝလင်္ကာသစ် (၄)

၎။ မဟာသုဂတ၊ တုမရသား၊ ကျမ်းလှရွှေစာ၊ ဤလင်္ကာနှိုက်၊ သေချာချက်မှန်၊ ခြောက်ပိုင်းကန်၏့၊ လက်မွန်အစ၊ လင်္ကာ့နိဒါန်း၊ ပြညွှန်းသရုပ်၊ အကျဉ်းချုပ်နှင့်၊ ပစ္စပ္ပန်ဝတ္ထု၊ မှတ်ပြုခေါ်ထွေ၊ သန္တိကေမည်မှန်း၊ ဇာတ်နိဒါန်းဟု၊ အခဏ်းပထမ၊ ဦးစွာ ပြလျက်၊ ဒုတိယမှာ၊ မဟာသမ္မတ၊ မင်းကစဉ်လတ်၊ မျိုးနေနတ်တို့၊ သိဒ္ဓတ်ဘုန်းခေါင်၊ လောင်းတော်အောင်လျှင်၊ ပြည်ထောင်တိုင်းပြု၊ စတုဝီသ၊ မင်းထိုမျှနှင့်၊ ရာဇ ရာဇာ၊ မဟာနွယ်စင်၊ တန်းဆာဆင်သား၊ ရာဇဝင်ခဏ်း၊ တတန်းနောက်သော်၊ လောင်းတော် မဃ၊ မင်းဒေဝလျှင်၊ ဌာနအောင်ချာ၊ မိထိလာသို့၊ ဗိုလ်ပါလုံးရင်း၊ များသင်းပင်းနှင့်၊ မကြွင်းစုံညီ၊ ကြွချီခြိမ့်မွှန်း၊ မြို့ပြောင်းခဏ်းက၊ ထီးနန်းအသစ်၊ စနစ်တောင်တာ၊ ယူဇ နာပုံချ၊ မြို့ပြကျုံးမြောင်း၊ အပေါင်းစုံစွာ၊ အင်္ဂါမချို့၊ တောင့်နှယ်မို့အောင်၊ နန်းမြို့တည် ခဏ်း၊ ရေသွန်းအစဉ်၊ သဖန်းပျဉ်ထက်၊ ဘွဲ့ယှဉ်စံကာ၊ မင်းတံထွာဖြင့်၊ မုဒ္ဓါဘိသေက၊ ရာဇမော်ကွန်း၊ ဗြဟ္မာသွန်းသား၊ ကျွန်းလုံးကျော်ထိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက် တော်ခဏ်း၊ နန်းသိမ်းခဏ်းပါ၊ ထူးဆန်းကြီးကျယ်၊ တင့်တယ်ထိန်ဝင်း၊ မင်းခမ်းကျင်း လျက်၊ ရှစင်းပစ္စူ၊ ဘွင့်လှစ်ထူ၍့၊ နတ်တူအသွင်၊ တုမမြင်အောင်၊ ရွှေပလ္လင်ပျံ၊ ခြင်္သေ့ခံထက်၊ ထွက်စံတုံရှောင်း၊ ခြိမ့်ခြိမ့်ညောင်းတိ၊ ထီးဆောင်းမင်္ဂလာ၊ မဟာဥကင် တော်ဖွင့်၊ တခဏ်းဆင့်ပြီး၊ မင်းကျင့်ဓမ္မ၊ ပိုင်းခြားပြသား၊ ရာဇစရိယ၊ ခဏ်းလှတဖြာ၊ တေဇာရှိန်ဖြိုး၊ ဘိသိက်ကျိုးဖြင့်၊ တန်းခိုးတုန်ချဲ့၊ ဘုန်းတော်ဘွဲ့ဟု၊ တုမဲ့အံ့ဘွယ်၊ တခဏ်းခြယ်မှ၊ ခဏ်းငယ်နဝ၊ ကိုးချက်ပြသား၊ လောကဟိတ၊ စရိယဟု၊ ပထမခဏ်း ကြီး၊ တကန့်သီး၍့၊ ဝှဲခြီးသံလှိုင်း၊ လက်မွန်ပိုင်းသည်။     ။ ထုပ်သိုင်းရွှေနွယ် ရွှေ ကြိုးတည်း။

0 comments:

Post a Comment